Mini Healthcare KIT – အိတ်ဆောင် ကျန်းမာရေးဆေးအိတ်

လူတစ်ဦးအတွက် လိုအပ်သော ဆေးနှင့် ဆေးပစ္စည်း (၁၅) မျိုး၊ အရေအတွက်အားဖြင့် (၇၀) ခန့်ပါဝင်ပြီး ကျစ်ကျစ်လစ်လစ် စနစ်တကျ ထုပ်ပိုးထားပါသည်။ လက်တစ်ဖဝါးစာ အရွယ်အစားဖြစ်သောကြောင့် ဘယ်သွားသွား ပေါ့ပေါ့ပါးပါး သယ်ဆောင်နိုင်ပြီး အရေးပေါ်အခြေအနေများတွင် ဆေးပစ္စည်းများကို လိုက်ရှာနေရန် မလိုအပ်တော့ပါ။ ခရီးသွားရာတွင် အသုံးပြုရန်၊ လက်ဆောင်အဖြစ်ပေးရန်၊ အားကစားပြုလုပ်လျှင် အိတ်ဆောင်ထားရန် အထူးသင့်လျော်ပါသည်။

အဓိကအားသာချက်များ


• လူတစ်ဦးစာ လုံလုံလောက်လောက် အသုံးပြုနိုင်ခြင်း
• အရေးပေါ်အတွက် ချက်ချင်းအသုံးပြုနိုင်ခြင်း
• ခရီးသွားရာတွင် ပိုမိုအဆင်ပြေခြင်း
• သယ်ဆောင်ရ လွယ်ကူပြီး သိမ်းဆည်းရ အဆင်ပြေခြင်း

FIRST AID KIT for Household – မိသားစုသုံး ကျန်းမာရေးဆေးအိတ်

အရေးပေါ်အခြေအနေများအတွက် ဆေးနှင့် ဆေးပစ္စည်း အမျိုးအစား (၃၁) ကျော်၊ အရေအတွက်အားဖြင့် ၁၀၀ ခန့်ပါဝင်ပြီး ရှေးဦးပြုစုရန် လိုအပ်သော ပစ္စည်းများကို စုံလင်စွာ စုစည်းထားပါသည်။ ရှေးဦးပြုစုနည်းစာအုပ်၊ အသုံးပြုနည်းလမ်းညွှန်နှင့် ဆေးရုံဆေးခန်း လမ်းညွှန်စာအုပ်များ ပါဝင်သဖြင့် မည်သူမဆို ကိုယ်တိုင် အလွယ်တကူ ရှေးဦးပြုစုနိုင်ပါသည်။ ဒဏ်ရာ၊ နာမကျန်းမှုများ ဖြစ်ပွားပါက လိုအပ်သော ဆေးပစ္စည်းများကို လိုက်လံရှာဖွေရန် မလိုဘဲ တစ်နေရာတည်းမှ အလွယ်တကူ အသုံးပြုနိုင်ပါသည်။ လှူဒါန်းပစ္စည်းနှင့် လက်ဆောင်ပစ္စည်းအဖြစ် အသုံးပြုရန်လည်း အထူးသင့်လျော်ပါသည်။

အဓိကအားသာချက်များ

• ရှေးဦးပြုစုရန် လိုအပ်သော ပစ္စည်းများ စုံလင်စွာ ပါဝင်ခြင်း
• ကိုယ်တိုင် ရှေးဦးပြုစုနိုင်ရန် အထောက်အကူပြုခြင်း
• သယ်ဆောင်ရ လွယ်ကူပြီး သိမ်းဆည်းရ အဆင်ပြေခြင်း
• ထုပ်ပိုးမှု ခိုင်ခံ့သေသပ်ခြင်း
• မိသားစု၊ ရုံး၊ ကျောင်းများတွင် မရှိမဖြစ်ဆောင်ထားသင့်သော အရေးပေါ်ဆေးအိတ် ဖြစ်ခြင်း 

FIRST AID KIT for Workplace – လုပ်ငန်းခွင်များအတွက် အရေးပေါ် ကျန်းမာရေးဆေးအိတ်

အလုပ်ခွင်အတွင်း ဖြစ်ပေါ်နိုင်သော အရေးပေါ်အခြေအနေများအတွက် ဆေးနှင့် ဆေးပစ္စည်း အမျိုးအစား (၃၅) ကျော်၊ အရေအတွက် စုစုပေါင်း (၂၅၀)ခန့် ပါဝင်ပြီး လုပ်ငန်းခွင်တွင် ရှေးဦးပြုစုရန် လိုအပ်သော ပစ္စည်းများကို စုံလင်စွာ စုစည်းထားပါသည်။ စက်ရုံ၊ ဆောက်လုပ်ရေး၊ လုပ်ငန်းခွင်များနှင့် အလုပ်သမားများအတွက် လုံခြုံရေးနှင့် ကျန်းမာရေးကို ဦးစားပေးစီမံထားသော အရေးပေါ်ဆေးအိတ်ဖြစ်ပြီး ထိခိုက်ဒဏ်ရာများ ဖြစ်ပွားသောအခါ ချက်ချင်း လက်တွေ့အသုံးပြုနိုင်ပါသည်။ ရှေးဦးပြုစုနည်းစာအုပ်၊ အသုံးပြုနည်းလမ်းညွှန်နှင့် ဆေးရုံဆေးခန်းလမ်းညွှန်စာအုပ်များ ပါဝင်သဖြင့် မည်သူမဆို လုပ်ငန်းခွင်၌ အရေးပေါ်အခြေအနေတွင် ကိုယ်တိုင် ရှေးဦးပြုစုနိုင်ပါသည်။

အဓိကအားသာချက်များ

• အရေးပေါ်အခြေအနေတွင် ချက်ချင်း အသုံးပြုနိုင်ခြင်း
• အလုပ်သမားများ၏ လုံခြုံရေးနှင့် ကျန်းမာရေးကို ကာကွယ်ပေးနိုင်ခြင်း
• သယ်ဆောင်ရ လွယ်ကူပြီး သိမ်းဆည်းရ အဆင်ပြေခြင်း
• ထုပ်ပိုးမှု ခိုင်ခံ့သေသပ်ခြင်း
• လူဦးရေအများစု အသုံးပြုနိုင်ရန် ဆေးနှင့်ဆေးပစ္စည်း လောက်ငှအောင် ထည့်သွင်းထားခြင်း
• လုပ်ငန်းခွင် safety standards များနှင့် ကိုက်ညီစေရန် အထောက်အကူပြုခြင်း
• အလုပ်ခွင်တိုင်းတွင် မရှိမဖြစ်လိုအပ်သော အရေးပေါ်ဆေးအိတ် ဖြစ်ခြင်း